Skip to main content
  • Eng
  • မြန်မာ
  • Search
  • AIA RUBY Membership
  • AIA RUBY Membership
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေးအလုံးစုံအာမခံ
    • AIA Beyond Critical Illness
    • AIA Youth Smart Protection Plan
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • ပညာရေးအသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • RUBY CLUB
    • AIA RUBY Elite
    • AIA RUBY
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
    • ပရီမီယံကြေးပေးသွင်းခြင်း​
  • Registration for MINGALAR SKY & MJAS Airport Lounge Access
    • RUBY ELITE
    • RUBY
AIA
  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more

    လေဆိပ် Lounge အသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းခြင်း

    MINGALAR SKY & MJAS AIRPORT LOUNGE
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ

    • ကျန်းမာရေးအလုံးစုံအာမခံ

      သင့်ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် ကျန်းမာရေးအလုံးစုံအာမခံ

    • AIA Beyond Critical Illness

      အစားထိုးမရတဲ့ဘဝအတွက်စိတ်အေးချမ်းသာစေဖို့ ပိုကောင်းတဲ့ငွေကြေးအကာအကွယ်

    • AIA Youth Smart Protection Plan

      ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့ လူငယ်တွေအတွက် Smart Plan

    • AIA CRITICAL ILLNESS CARE

      ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ ၃၉မျိုးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါသက်ရောက်မှုကို လျော့ချရန် ငွေကြေးအကာအကွယ်

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ဘဝလုံခြုံစေတဲ့ စုဆောင်းမှု

    • ပညာရေးအသက်အာမခံ

      စိတ်ချရဖို့ ကြိုတင်စီမံ သင့်ကလေးအတွက် ပညာရေးအသက်အာမခံ

    • အဖွဲ့လိုက်အာမခံ

      သင့်လုပ်ငန်း၏ တန်ဖိုးမဖြတ်နိုင်သော ဝန်ထမ်းများအတွက် ပြည့်စုံသော အာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • RUBY CLUB
    Registration for MINGALAR SKY
    & MJAS Airport Lounge Access

    • RUBY Elite • RUBY
    • AIA RUBY Elite

      Elevate your world of privileges with your loved ones

    • AIA RUBY

      Stay Grand, Enjoy Privileges

  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

    • ပရီမီယံကြေးပေးသွင်းခြင်း​

      လွယ်ကူမြန်ဆန်စွာ ပရီမီယံကြေးပေးသွင်းနိုင်ပုံ အဆင့်ဆင့်​

  • Registration for MINGALAR SKY & MJAS Airport Lounge Access
  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၀
နောက်သို့
Back to Top
  • {{title}}

    {{label}}
  • အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း Tottenham Hotspur ၏ နည်းပြများထံမှ ရာကျော်သောကလေးငယ်များ လေ့ကျင့်သင်ကြားခွင့်ရမည့် တစ်ကျော့ပြန် AIA GOAL!

    28/02/2020


    ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများအဖြစ် မြှင့်တင်ရန်ရည်ရွယ်ပြီး Market Capitalization အရ ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီ ဖြစ်သည့် AIA က အသက် ၇ နှစ် မှ ၁၄ နှစ်ကြားရှိသော ကလေးငယ်ပေါင်း အယောက်၂၄၀ အား ဘောလုံးအားကစားလေ့ကျင့်ရေးသင်တန်းကို ထူးထူးခြားခြား အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

    [ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်] - ဘောလုံးအားကစားကို အရူးအမူးနှစ်သက်သော ကလေးငယ်အယောက် ၂၄၀ သည် AIA Myanmar မှ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် Spurs ၏ နည်းပြ ၃ ‌ယောက်နှင့်အတူ ဒုတိယအကြိမ်မြောက် အခမဲ့ ဘောလုံးအားကစားလေ့ကျင့်ရေးသင်တန်းဖြစ်သည့် AIA GOAL! နှင့် တစ်နေ့တာ ပျော်ရွှင်စွာ ကစားခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် AIA KICK! ကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ရန်ကုန်မြို့တွင်ထပ်မံကျင်းပသည့် အင်္ဂလန်ပရီးမီးယားလိဂ်မှ ထိပ်တန်းကလပ် အသင်းတစ်သင်း ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီ ဖြစ်သည့် AIA က ခေါ်ဆောင်လာကာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဘောလုံး အားကစားလေ့ကျင့်ရေးသင်တန်းကို မြန်မာကလေးငယ်များ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

    တစ်နေ့တာကြာမြင့်သည့် အဆိုပါအစီအစဉ်တွင် အသက် ၇ နှစ်မှ ၁၄ နှစ် အတွင်းရှိသည့် ကလေးငယ်များသည် လေ့ကျင့်ရေးကွင်းများထဲတွင် Yangon United ဘောလုံးအသင်းမှ ပြည်တွင်းနည်းပြများက ပံ့ပိုးကူညီကာ Tottenham Hotspur မှ ဝါရင့်နိုင်ငံတကာနည်းပြများ ဖြစ်ကြသည့် Mr. Anton Blackwood ၊ Ms. Shannon Moloney နှင့် Mr. Shaun Harris တို့ထံမှ လေ့ကျင့်သင်ကြားခဲ့သည်။

    အဆိုပါပွဲနှင့်ပတ်သက်ပြီး AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Luc Ly မှ “AIA GOAL! ဟာ ပျော်ရွှင်မှု၊ တက်ကြွမှု၊ စိတ်အားထက်သန်မှုနဲ့ ကျန်းမာမှုတို့အတွက် AIA ရဲ့ တက်ကြွမှုကို အပြည့်အဝ ရုပ်လုံးဖော် ပေးနေ ပါတယ်။ နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားပေးမှုတွေနဲ့အတူ ပျော်ရွှင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဒီလူငယ်လေးတွေရဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့အနေနဲ့ ကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ခေါ်လာပေးတဲ့ နည်းပြတွေဖြစ်တဲ့ Ms. Moloney နဲ့ Mr. Harris တို့ဟာလည်း မြန်မာနိုင်ငံရဲ့  ဘောလုံးကစားသမားအနာဂတ်ကြယ်ပွင့်လေးတွေကို ကူညီမွေးထုတ်‌ပေးဖို့ သူတို့ရဲ့ အချိန်နဲ့ စွမ်းအားတွေကို လုံးလုံးလျားလျားမြှုပ်နှံထားပါတယ်။” ဟု ပြောကြား ခဲ့သည်။

    Mr. Anton Blackwood သည် Tottenham Hotspur အတွက် ကစားသမားဟောင်းတစ်‌ယောက်ဖြစ်ပြီး UEFA ‘B’ နည်းပြလိုင်စင် ကိုင်ဆောင်ထားသူဖြစ်သည့်အပြင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ MSc ဘွဲ့ရ  တစ်‌‌ယောက်လည်း ဖြစ်သည်။ ၎င်းသည် AIA ၏ ပိုမိုကျန်းမာအသက်အရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရေးဟူသည့် AIA ၏ ကတိကဝတ်ကို ကူညီပုံဖော်ပေးလျက်ရှိပြီး အရှေ့တောင်အာရှနှင့် ပစိဖိတ် ကျွန်းစုများ တစ်လျှောက်ရှိ နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် နိုင်ငံတကာဘောလုံး ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်၏ နိုင်ငံတကာဖွံ့ဖြိုးရေး မန်နေဂျာတစ်‌ယောက်အဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။

    “AIA GOAL! ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာခွင့်ရလို့ ပျော်ရွှင်မိပါတယ်။” ဟု Mr. Blackwood က ပြောကြားခဲ့သည်။ “ဒီလိုစိတ်အားထက်သန်နေတဲ့ လူငယ်လေးတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုတွေ အကောင်းဆုံး ဖြစ်လာအောင် ကူညီပျိုးထောင်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြည်နူးရပါတယ်။ မြန်မာ လူငယ်လေး တွေဟာ အောင်မြင်ဖို့အလားအလာတွေ အများကြီးရှိကြတော့ သူတို့ရဲ့ စွမ်းရည်တွေကို ပိုမိုပြည့်ဝလာအောင် အားစိုက် လုပ်ဆောင်ပေးသွားတဲ့ နေရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရ ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။ 

    စီနီယာနိုင်ငံတကာဖွံ့ဖြိုးရေး နည်းပြတစ်‌ယောက်ဖြစ်သည့် Mr. Harris သည် UEFA B လိုင်စင်ကို ကိုင်ဆောင်ထားပြီး ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြအားကစားသိပ္ပံဘွဲ့ရ တစ်ယောက်လည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ Spurs အသင်းတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မူလတန်းကျောင်းများ၊ လူမှုစီမံ ချက်များ၊ ခွင့်တူညီမျှရေးဆောင်ရွက်မှုများတို့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၎င်းသည် Tottenham Hotspur ၏ Elite ဘောလုံးနှင့် ဖွံ့ဖြိုးရေးစင်တာများတွင် နည်းပြချုပ်နှင့် အားကစားနည်းပြ ကထိကအပြင် စပါး၏ U20 အမျိုးသမီးအသင်းအတွက် နည်းပြချုပ်အဖြစ်လည်း လုပ်ဆောင် ခဲ့သည်။

    နိုင်ငံတကာဖွံ့ဖြိုးရေး နည်းပြတစ်‌ယောက်ဖြစ်သည့် Ms. Moloney သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ Tottenham Hotspur အမျိုးသမီးအသင်းအတွက် ပါဝင်ကစားခဲ့ပြီး FA အရည်းအချင်းပြည့်ဝသည့် နည်းပြ တစ်ယောက်ဖြစ်ကာ တစ်ဦးချင်းနည်းပြတစ်‌ယောက်အဖြစ် Level 3 သင်တန်းဆင်းလက်မှတ်ကို ကိုင်ဆောင် ထားသူ တစ်ယောက်လည်းဖြစ်သည်။ အားကစားအပြင် Ms. Moloney သည် A level အဆင့်ရှိ အားကစားဆိုင်ရာ ဥပဒေကို သင်ကြားခဲ့သူလည်းဖြစ်သည်။

    AIA GOAL! သည် သင်တန်းအစီအစဉ်များအပြင် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း တစ်ခါတည်း ဆောင်ရွက် ပေးခဲ့သည့်အတွက် ကလေးများနှင့် မိဘများသည် ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံ ဆွေးနွေးချက်များကို   အခမဲ့ လာရောက် ဆွေးနွေးခဲ့ကြသည်။ ကလေးများ၏ အာဟာရနှင့် နေထိုင်မှုပုံစံနှင့် ပတ်သက်၍ မိဘများ၏ ကျန်းမာရေးအမြင် ပိုမိုကျယ်ပြန့်လာစေရန်အတွက် ကျန်းမာရေးပညာရှင်များမှ ကလေးများ၏ အသက်၊ အရပ်၊ ကိုယ်အလေးချိန်ပေါ် မူတည်၍ ကျန်းမာရေး အကြံဉာဏ်များပေးခဲ့သည်။

    Market Capitalization စျေးကွက်ရှိ ရှယ်ယာတန်ဖိုးအရ ကမ္ဘာ့နံပါတ် ၁ အသက်အမခံကုမ္ပဏီဖြစ်သည့် AIA သည် ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သည့်ဘဝများပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်၍ အဆိုပါစိတ်လှုပ်ဖွယ် ကောင်းလှသောအစီအစဥ်ကို ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အခြားမြို့များတွင်လည်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ AIA GOAL! ပွဲဖြစ်မြောက်ရန် သောက်ရေသန့်ပါတနာအဖြစ် Alpine ၊ အာဟာရဆိုင်ရာပါတနာအဖြစ် Milo ၊ စသည့်နာမည်ကြီးကုန်အမှတ်တံဆိပ်များအပြင် ကျန်းမာရေးစစ်ဆေးမှုအတွက် Hello Sayarwon တို့မှ ကူညီပံ့ပိုး ပေးထားသည်။ 

    AIA Myanmar သည် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ရသည့် အသက်အာမခံ ကုမ္ပဏီခွဲတစ်ခု အဖြစ်လိုင်စင် ရရှိသည့် နို၀င်ဘာလ ၂၀၁၉ ခုနှစ်ကတည်းက အာမခံပေါ်လစီများ ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံ၏လူမှု အသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားသည်။ လွန်ခဲ့သည့် လများကလည်း ရပ်ရွာအကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ပြီး AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစား လေ့ကျင့်ပေးသည့် လှုပ်ရှားမှုဖြစ်သော “AIA KICK!” ကိုလည်း စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် AIA မှ ကံထူးရှင် customer ကို ရွေးချယ်ကာ နာမည်ကြီးကစားသမားများဖြစ်ကြသော Tottenham Hotspur မှ Harry Kane နှင့် Son Heung Min တို့အပြင် ဝါရင့်နည်းပြ Jose Mourinho နှင့်ပါ တွေ့ဆုံမိတ်ဆက်နိုင်ပြီး Tottenham Hotspur ဘောလုံးပွဲလည်း ကြည့်နိုင်သောအခွင့်အရေးများ ရရှိနိုင်မည့် လန်ဒန်ခရီးစဥ်ကိုလည်း  AIA ပေါ်လစီ ၀ယ်ယူသူတိုင်းအတွက် စီစဥ်လျက်ရှိသည်။

    AIA GOAL! နှင့် အခြား စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များအကြောင်း ပိုမို သိရှိလိုပါက AIA Myanmar ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/AIA.Myanmar.MM/ တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

    –   End   –

    AIA Group အကြောင်း 

     AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။ 

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။  

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။ 

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။  

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။


    မီဒီယာများဆက်သွယ်ရန်

    AIA Myanmar Media Contact

    Khine Wint Thawda Htoo

    09450043353

    khinewintthawda.htoo@aia.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    RUBY CLUB
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    AIA မြန်မာအကြောင်း

    RUBY CLUB

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    AIA Beyond Critical Illness

    AIA Youth Smart

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    Payment Information


    Copyright © 2025 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ