Skip to main content
  • Eng
  • မြန်မာ
  • Search
  • AIA RUBY Membership
  • AIA RUBY Membership
  • အာမခံအမျိုးအစားများ
    • တစ်သက်တာရွေးချယ်အသက်အာမခံ
    • ကျန်းမာရေးအလုံးစုံအာမခံ
    • AIA Beyond Critical Illness
    • AIA Youth Smart Protection Plan
    • AIA CRITICAL ILLNESS CARE
    • AIA Cancer Care
    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
    • ပညာရေးအသက်အာမခံ
    • အဖွဲ့လိုက်အာမခံ
  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ
    • Member Propositions
    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)
    • ငွေသားမလိုဝန်ဆောင်မှု
    • AIA Regional Health Passport
  • RUBY CLUB
    • AIA RUBY Elite
    • AIA RUBY
  • ဘ၀ရေးရာ ကိစ္စရပ်များ
    • ကျန်းမာရေး
  • AIA အကြောင်း
    • မီဒီယာစင်တာ
    • အလုပ်အကိုင်များ
    • AIA Pioneer Agents
    • AIA ONE BILLION
    • AIA x Tottenham Hotspur Partnership
    • AIA MDRTs
  • အကူအညီ
    • ဆက်သွယ်ရန်စာမျက်နှာ
    • ကျွန်ပ်တို့၏လိပ်စာ
    • ပရီမီယံကြေးပေးသွင်းခြင်း​
  • Registration for MINGALAR SKY & MJAS Airport Lounge Access
    • RUBY ELITE
    • RUBY
AIA
  • AIA RUBY Membership

    AIA RUBY Membership

    VIP membership with exclusive services and benefits for Members

    See more

    လေဆိပ် Lounge အသုံးပြုရန် ကြိုတင်စာရင်းပေးသွင်းခြင်း

    MINGALAR SKY & MJAS AIRPORT LOUNGE
  • အာမခံအမျိုးအစားများ

    အာမခံအမျိုးအစားများ

    ညာဖက်ရှိ အမျိုးအစားများအနက်မှ တစ်ခုကို ရွေးချယ်ပါ (သို့မဟုတ်) လူကြီးမင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် အကြံပြုချက်တစ်ခု ရယူရန် ဤနေရာကို နှိပ်ပါ။

    လူကြီးမင်းကို ကျွန်ုပ်တို့မှ ကူညီပါရစေ
    • တစ်သက်တာရွေးချယ်အသက်အာမခံ

      သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ

    • ကျန်းမာရေးအလုံးစုံအာမခံ

      သင့်ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် ကျန်းမာရေးအလုံးစုံအာမခံ

    • AIA Beyond Critical Illness

      အစားထိုးမရတဲ့ဘဝအတွက်စိတ်အေးချမ်းသာစေဖို့ ပိုကောင်းတဲ့ငွေကြေးအကာအကွယ်

    • AIA Youth Smart Protection Plan

      ဘဝအနာဂတ်ကို စည်းစနစ်ကျကျ၊ အလှပဆုံး တည်ဆောက်ချင်တဲ့ လူငယ်တွေအတွက် Smart Plan

    • AIA CRITICAL ILLNESS CARE

      ကင်ဆာရောဂါအပါအဝင် ပြင်းထန်ရောဂါ ၃၉မျိုးအတွက် ငွေကြေးအကာအကွယ်

    • AIA Cancer Care

      ကင်ဆာရောဂါသက်ရောက်မှုကို လျော့ချရန် ငွေကြေးအကာအကွယ်

    • နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ

      ဘဝလုံခြုံစေတဲ့ စုဆောင်းမှု

    • ပညာရေးအသက်အာမခံ

      စိတ်ချရဖို့ ကြိုတင်စီမံ သင့်ကလေးအတွက် ပညာရေးအသက်အာမခံ

    • အဖွဲ့လိုက်အာမခံ

      သင့်လုပ်ငန်း၏ တန်ဖိုးမဖြတ်နိုင်သော ဝန်ထမ်းများအတွက် ပြည့်စုံသော အာမခံအကာအကွယ်

  • ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ

    AIA Exclusive ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ

    ကြည့်ရှုရန်
    • Member Propositions

    • AIA ကျန်းမာရေးအထူးစောင့်ရှောက်မှု (Powered by Teladoc HEALTH)

    • ငွေသားမလိုဝန်ဆောင်မှု

    • AIA Regional Health Passport

  • RUBY CLUB
    Registration for MINGALAR SKY
    & MJAS Airport Lounge Access

    • RUBY Elite • RUBY
    • AIA RUBY Elite

      Elevate your world of privileges with your loved ones

    • AIA RUBY

      Stay Grand, Enjoy Privileges

  • ဘ၀ရေးရာ ကိစ္စရပ်များ

    ဘ၀ရေးရာ ကိစ္စရပ်များ

    နောက်ဆုံးပေါ် ကျန်းမာရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများအတွက် လမ်းညွှန်ချက်နှင့် အကြံပြုချက်များ

    ဘ၀ရေးရာကိစ္စရပ်များကို ကြည့်ရှုရန်
    • ကျန်းမာရေး

      ပြည့်စုံကျန်းမာသော ဘဝနေထိုင်မှုကို ယနေ့မှ စတင်လိုက်ပါ

  • AIA အကြောင်း

    AIA အကြောင်း

    AIA သည် ရာစုနှစ်တစ်ခုတိုင်အောင် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ လူသန်းပေါင်းများစွာ၏ အမြဲမပြတ် ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။

    ပိုမိုဖတ်ရှုရန်
    • မီဒီယာစင်တာ

      AIA နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ

    • အလုပ်အကိုင်များ

      AIA တွင် အလုပ်အကိုင်ရရှိမည့် အခွင့်အလမ်းများကို ရှာဖွေရန်

    • AIA Pioneer Agents

    • AIA ONE BILLION

    • AIA x Tottenham Hotspur Partnership

    • AIA MDRTs

      Presenting our top agents

  • အကူအညီ

    အကူအညီ

    သင့်၏မေးမြန်းစုံစမ်းခြင်းအားလုံးအတွက်ဖြေကြားပေးရန် ကျွန်ပ်တို့၏ဧည့်ဝန်ဆောင်မှုဌာနကအစဉ်ကြိုးပမ်းလျှက် ရှိပါသည်။

    အေအိုင်အေထံ ဆက်သွယ်ပါ
    • ဆက်သွယ်ရန်စာမျက်နှာ

      လူကြီးမင်းသိလိုသည့်အဖြေကို မေးနေကျအမေးအဖြေကဏ္ဍတွင် ရှာမတွေ့လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်လိုက်ပါ။

    • ကျွန်ပ်တို့၏လိပ်စာ

      ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်ကျန်းမာရေးဝန်ဆောင်မှုပေးသူများအား ဂူဂဲလ်မြေပုံတွင် ရှာဖွေရန်။

    • ပရီမီယံကြေးပေးသွင်းခြင်း​

      လွယ်ကူမြန်ဆန်စွာ ပရီမီယံကြေးပေးသွင်းနိုင်ပုံ အဆင့်ဆင့်​

  • Registration for MINGALAR SKY & MJAS Airport Lounge Access
  • Language Select
    • Eng
    • မြန်မာ
  • Search
  • ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်
    • အီးမေးလ်ပို့ရန်

၂၀၂၀
ရှေ့သို့ | နောက်သို့
Back to Top
  • {{title}}

    {{label}}
  • AYA ဘဏ် ၊ AYA SOMPO နှင့် AIA Myanmar တို့က မဟာဗျူဟာကျ Bancassurance ပူးပေါင်းမှု စတင်

    23/11/2020


    [ရန်ကုန်၊ မြန်မာ။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်] AYA ဘဏ် ၊  AYA SOMPO အာမခံ နှင့် AIA Myanmar တို့ ပူးပေါင်း၍ မြန်မာပြည်သူလူထုကို များစွာ အကျိုးရှိစေမည့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ အာမခံ ပေါ်လစီများကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်အတွက် Bancassurance မဟာဗျူဟာ ပူးပေါင်းမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။  နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီတစ်ခုနှင့် မြန်မာ့ဦးဆောင် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကွန်ရက်တို့၏ မြန်မာ့ပထမဆုံး နှစ်ရှည် Bancassurance ပူးပေါင်းမှုသည် နိုင်ငံအတွင်း အာမခံ အကာအကွယ်များ ပိုမို ရရှိနိုင်စေရန် ရည်ရွယ်သည်။

     

    အဆိုပါ ပူးပေါင်းမှုသည် AYA SOMPO နှင့် AIA Myanmar တို့၏ အသက်၊ ကျန်းမာရေး နှင့် အထွေထွေအာမခံ ပေါ်လစီများကို AYA ဘဏ်ခွဲများတွင် ရရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုပူးပေါင်း ဆောင်ရွက်မှုက AYA SOMPO နှင့် AIA Myanmar တို့၏ အကောင်းဆုံးသော ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းတွင် ပိုမိုလွယ်ကူစွာ ရရှိနိုင်စေတော့မည် ဖြစ်သည်။ အဆိုပါ ဘဏ်ခွဲများရှိ ကိုယ်စားလှယ်များက customer များနှင့် ၎င်းတို့မိသားစုဝင်များ၏ တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီမည်ဖြစ်သော အာမခံ ကာကွယ်မှု ရွေးချယ်စရာများကို ဆွေးနွေးညွှန်ပြသွားနိုင်တော့မည် ဖြစ်သည်။

     

    AYA ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော်က “ဒီ ပူးပေါင်းမှုဟာ အကောင်းဆုံးသော အထွေထွေ နဲ့ အသက်အာမခံ တွေကို ကျွန်တော်တို့ customers တွေအတွက် AYA ဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ဘဏ်ခွဲ ကွန်ရက်တွေနဲ့ ဒီဂျစ်တယ် နည်းလမ်းတွေက တစ်ဆင့် ပေးအပ်နိုင်တော့မယ့် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကို ဘဏ္ဍာရေးရာ ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့ customers တွေဟာ ခုဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးရာ လိုအပ်ချက်တွေ၊ အာမခံ အကာအကွယ်တွေကို တစ်နေရာတည်းမှာ သက်သောင့်သက်သာနဲ့ပဲ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုပေါင်းအင်အားတွေ အပြည့် ပါဝင်တဲ့ ဒီပူးပေါင်းမှုဟာ အရင်တုန်းကနဲ့ လုံးဝမတူတဲ့ အကောင်းဆုံးသော အာမခံအကာအကွယ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ပိုပြီးတော့ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

     

    AYA SOMPO Insurance ၏ CEO ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO ဟာ ၂၀၁၈ ခုနှစ်မှာ AYA ဘဏ်နဲ့ ပူးပေါင်းပြီး Bancassurance ဝန်ဆောင်မှုတွေကို ပေးအပ်နေတဲ့ ပထမဆုံး အာမခံ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သုံးပွင့်ဆိုင် Bancassurance ပူးပေါင်းမှု အဖြစ် AIA Myanmar ကပါ ကျွန်တော်တို့ ပူးပေါင်းမှုထဲ ဝင်ရောက်လာတာ ဝမ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်။ ဒီဆန်းသစ်တဲ့ ပူးပေါင်းမှုဟာ မြန်မာတစ်နိုင်ငံလုံးအတွက် အာမခံ အကြောင်း ပိုမိုသိရှိစေဖို့၊ အကာအကွယ်တွေ ပိုပြီး အလွယ်တကူ ရရှိနိုင်ဖို့အတွက် အဓိကကျပြီး ထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းဗဟုသုတတွေ၊ ကွန်ရက်တွေနဲ့ ကမ္ဘာ့ကျွမ်းကျင်သူတွေက ပြည်သူတွေအတွက် အကောင်းဆုံးသော ဘဏ္ဍာရေးရာ ကမ်းလှမ်းမှုတွေကို ပေးစွမ်းနိုင်ဖို့ အဓိက သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အတူတကွ ပူးပေါင်းလိုက်ခြင်းက ပိုကောင်းမွန်၊ ပိုသန်မာလာစေမှာ ကျိန်းသေပါပဲ။” ဟု ဆိုသည်။

     

    AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က “AYA ဘဏ်၊ AYA SOMPO တို့နဲ့ ပူးပေါင်းပြီး ပြည်သူအများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့တာ အလွန် ဝမ်းသာမိပါတယ်။” ဟုဆိုသည်။ “AIA ရဲ့ ကမ္ဘာ့အာမခံကျွမ်းကျင်သူတွေနဲ့ AYA ဘဏ်၊ AYA SOMPO တို့ရဲ့ ဒေသတွင်း ကွန်ရက် ကျယ်ပြန့်မှုတွေ ပေါင်းစည်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေး တိုးတက်မှုတွေနဲ့အတူ ပြည်သူတွေကို အမှန်တကယ် အကျိုးရှိစေမယ့် ဆန်းသစ်တီထွင်မှုတွေ အစပျိုးဖို့ အဓိက အားအင်ကြီးတစ်ရပ် ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါက တကယ်ကို နိဒါန်းပဲ ရှိပါသေးတယ်။ ဒီနောက်မှာဆိုရင် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ပိုကျယ်ပြန့်တဲ့ ပလက်ဖောင်း အသီးသီးကနေ ပေးအပ်သွားနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာတော့မှာပါ။” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

     

    မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် AYA ဘဏ်၊ AYA SOMPO Insurance နှင့် AIA Myanmar တို့ ပူးပေါင်း၍ Bancassurance ဝန်ဆောင်မှု လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုချက် ပေးအပ်ပြီးပြီးချင်းတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

     

    Bancassurance ပေါ်လစီအသစ်အပါအဝင် AYA SOMPO Insurance နှင့် AIA Myanmar တို့၏ ဝန်ဆောင်မှု အသစ်များကို ပိုမိုသိရှိလိုပါက https://inthistogether.website/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

     

    -ပြီး-

     

     

    AYA Bank အကြောင်း

     

    AYA Financial Group (AFG) သည် အကြီးမားဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှု ဆိုင်ရာ အဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး AYA Bank, AYA SOMPO Insurance နှင့် AYA Trust တို့ ပါဝင်သည်။ AYA Bank သည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီးချိန်မှစ၍ ၁၀ နှစ်အတွင်း ဖွံ့ဖြိုးမှု အမြန်ဆုံး၊ ဝန်ဆောင်မှု အပြည့်အဝပေးစွမ်းနိုင်သည့် ဘဏ်တစ်ခုလည်း ဖြစ်သည်။ AYA ဘဏ်သည် AFG ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုင်ဆိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဘီလျံ ပိုင်ဆိုင်ထားပြီး customers ၃ သန်းခန့်ရှိကာ ဘဏ်ခွဲပေါင်း ၂၆၅ ခုနှင့် နိုင်ငံတစ်ဝန်းတွင် ဝန်ထမ်းအင်အားပေါင်း ၉,၀၀၀ ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း AYA ဘဏ်၏ချေးငွေနှင့်အပ်ငွေသည် CAGR ၂၅ မှ ၃၀ % အထိ တိုးတက်ခဲ့ပြီး AYA ဘဏ်သည် ၂၀၁၄-၁၅ ခုနှစ်အတွင်း FRS စနစ်ကိုလိုက်နာ၍ အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများကို ကျင့်သုံးခဲ့သည်။

     

     

    AYA SOMPO Insurance အကြောင်း

     

    AYA SOMPO Insurance ကုမ္ပဏီ လီမိတက်သည် AYA Myanmar General Insurance Co., Ltd. (AMGI) နှင့် SOMPO Japan Nipponkoa Insurance Inc. တို့၏ ပူးပေါင်းကုမ္ပဏီတစ်ခုဖြစ်သည်။ မိတ်ဖက်ပူးပေါင်းခြင်းကာလ (၂) နှစ်ပြည့်မြောက်ပြီးနောက်တွင် အာမခံထားခြင်း၏အလွန် ပြည်သူအများ စိတ်ချလုံခြုံစွာ နေထိုင်နိုင်ရန်အတွက် ဘဏ္ဍာရေးရာ ပြဿနာများ၏ အဖြေကို ပေးအပ်နေသည့်အပြင် AYA SOMPO ၏ AMI အဖြစ် စတင်ခဲ့သည့် ဆယ်စုနှစ်ဝက်ရှိ ပြည်တွင်းအတွေ့အကြုံ၊ SOMPO Insurance ၏ နှစ်ပေါင်း ၁၅၀ နီးပါးရှိ အာမခံနယ်ပယ်တွင်း အတွေ့အကြုံနှင့် ဗဟုသုတတို့သည် AYA SOMPO ၏ အခြေခိုင်သော အုတ်မြစ်ပင်ဖြစ်သည်။ အထွေထွေ အာမခံဝန်ဆောင်မှု ပေးအပ်သူအနေဖြင့် AYA SOMPO Insurance သည် ရန်ကုန်မြို့လယ်တွင် အခြေစိုက်သော ရုံးချုပ်မှတစ်ဆင့် Client Service Kiosks ပေါင်း ၅၀၊ ရုံးခွဲ ၁၀ ခု၊ ဒေသဆိုင်ရာ ရုံး (၂) ခု စသည်တို့ ပါဝင်သော ကွန်ရက်ဖြင့် နိုင်ငံတစ်ဝန်းမှ ဧည့်သည် ထောင်ပေါင်းများစွာကို ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ AYA SOMPO Insurance သည် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးပေါင်း ၄၀ ကျော်တွင် ဝန်ဆောင်မှုပေးနေပြီး ဝန်ထမ်းပေါင်း ၆၀၀ ကျော် ရှိသည်။ နိုင်ငံတွင်း အကြီးမားဆုံး ဘဏ္ဍာရေးရာ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော AYA SOMPO Insurance သည် နိုင်ငံတကာ ကျွမ်းကျင်သူများ၊ ပြည်တွင်းဗဟုသုတများနှင့် ချိတ်ဆက်ပြီး ခိုင်မာသော ကွန်ရက်တစ်ခုကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။ AYA SOMPO Insurance သည် UN Global Compact ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

    –   End   –

    AIA Group အကြောင်း 

     AIA Group Limited နှင့် ကုမ္ပဏီခွဲများ (စုပေါင်းအားဖြင့် “AIA” သို့မဟုတ် “အဖွဲ့”) တွင် လွတ်လပ်သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီကြီးဖြစ်သော pan-Asian အသက်အာမခံအဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ အာရှ-ပစိဖိတ်ရှိ ဈေးကွက် ၁၈ ခုတွင် လုပ်ငန်းများဆောင်ရွက်လျက်သည်။ ဟောင်ကောင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်ပြည်မ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ တိုင်ဝမ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ မက္ကာအို၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားတို့တွင် ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီခွဲများရှိပြီး သီရီလင်္ကာတွင် ၉၇% ပိုင်ဆိုင်သော ကုမ္ပဏီခွဲ၊ အိန္ဒိယတွင် ၄၉% ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တို့ရှိပါသည်။ AIA သည် မြန်မာနိုင်ငံတွင်လည်း ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီခွဲအဖြစ် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခံခဲ့ရသည်။ 

    AIA ၏ စီးပွားရေးလုပ်ငန်းကို ၁၉၁၉ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံ လုပ်ငန်းများအရ အာရှ-ပစိဖိတ် ဒေသတွင် ဈေးကွက်ဦးဆောင်သူ (ယခင်ဂျပန်နိုင်ငံ) ဖြစ်ပြီး ၎င်း၏ ဈေးကွက် အများစုတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှစ၍ စုစုပေါင်းပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဘီလီလျံ ရှိသည်။  

    AIA သည် အသက်အာမခံ၊ မတော်တဆထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းများ အပါအဝင်  ပြည်သူတစ်ဦးချင်းစီအတွက် ရေရှည်ငွေစုခြင်းနှင့် လိုအပ်သည့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံ အမျိုးအစားများနှင့် ဝန်ဆောင်မှုများကို  ဆောင်ရွက်ပေးလျက်ရှိသည်။ Group Office သည်လည်း ဝန်ထမ်းများ၏ အကျိုးအမြတ်များ၊  ချေးငွေအသက်အာမခံနှင့် ပင်စင်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။ AIA သည် အာရှ-ပစိဖိတ် တစ်ဝှမ်းတွင် အကျိုးဆောင် ကိုယ်စားလှယ်များ၊ လုပ်ငန်းတူ လုပ်ကိုင်သူများနှင့် ဝန်ထမ်းများ ပါဝင်သည့် ကျယ်ပြန့်သော ကွန်ရက်ဖြင့် တစ်ဦးတစ်ယောက် ချင်းစီအာမခံ ပေါ်လစီပေါင်း ၃၄ သန်းကျော်နှင့် စုပေါင်းအာမခံ ပေါ်လစီပေါင်း ၁၆ သန်းကျော်ကို ဆောင်ရွက် ပေးလျက်ရှိသည်။ 

    AIA Group Limited သည် Stock Exchange ဈေးကွက်တွင် ကူးသန်းရောင်းဝယ်နေသော American Depositary Receipts (Level 1) (ticker symbol: “AAGIY”) နှင့်အတူ Stock Exchange Code “၁၂၉၉” ဖြင့် Hong Kong Limited Stock Exchange ၏ အဓိကစာရင်းဝင်ကုမ္ပဏီဖြစ်သည်။  

    ဤကဲ့သို့ အာမခံ လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်လျက်ရှိသည့် AIA သည် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သောဘဝများ ရရှိရန်အတွက် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။


    မီဒီယာများဆက်သွယ်ရန်

    AIA Myanmar Media Contact

    Khine Wint Thawda Htoo

    09450043353

    khinewintthawda.htoo@aia.com

    ဆက်သွယ်ရန်

    +၉၅ ၉ ၉၄၄ ၇၀၅ ၄၄၀

    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
     
    AIA အကြောင်းပိုမိုသိရှိရန်
    AIA.COM
    ဆက်သွယ်ရန်

    +၉၅၉ ၉၄၄ ၇၀၅ ၄၄၀



    ၂၂ ထပ်၊ Junction City Office Tower၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
    အသေးစိတ်ကြည့်ရှုရန်
    AIA အကြောင်းပိုမိုသိရှိရန်

    AIA.COM

    AIA မြန်မာအကြောင်း
    RUBY CLUB
    AIA MDRTs 
    AIA Pioneer Agents 
    ဘဝရေးရာကိစ္စရပ်များ
    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ
    သတင်းထုတ်ပြန်ချက်
    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    AIA မြန်မာအကြောင်း

    RUBY CLUB

    AIA MDRTs 

    AIA Pioneer Agents 

    ဘဝရေးရာကိစ္စရပ်များ

    အာမခံအမျိုးအစားများ

    တစ်သက်တာရွေးချယ်အသက်အာမခံ

    ကျန်းမာရေးအလုံးစုံအာမခံ

    AIA Beyond Critical Illness

    AIA Youth Smart

    ပြင်းထန်သောရောဂါကုသမှုအာမခံ

    ကင်ဆာရောဂါ အကာအကွယ်

    နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ

    ပညာရေးအသက်အာမခံ

    အဖွဲ့လိုက် အသက်အာမခံ

    အခြားလင့်ခ်များ

    သတင်းထုတ်ပြန်ချက်

    တစ်သက်တာရွေးချယ်အသက်အာမခံ အတိုးနှုန်းထား

    Regulator - AML-CFT Guidelines

    National Strategy_AML-CFT (2024-2028). 

    Notice To Public

    AML/CFT Law_16/2026

    Compliance

    Online Payment with MPU

    Payment Information


    Copyright © 2025 AIA Group Limited and its subsidiaries. All rights reserved.
    သတ်မှတ်ချက်များ | ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်လစီ