ကျန်းမာရေး အလုံးစုံအာမခံ
ဆေးကုသမှုဆိုင်ရာ အလုံးစုံအကာအကွယ်
{{title}}
{{label}}AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု
(Powered by Teladoc HEALTH)
သင့်ကျန်းမာရေးအတွက် ကုသမှုအစီအစဉ်မှ ပြန်လည်ကောင်းမွန်လာသည်အထိ အစွမ်းကုန်ကူညီပံ့ပိုးပေးနိုင်ရန် ဆန်းသစ်တဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Teladoc HEALTH နှင့်ပူးပေါင်းကာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကို အကောင်းဆုံး မြှင့်တင်ထားပါတယ်။
ပြင်းထန်တဲ့ ဆေးကုသမှုအခြေအနေများနှင့် ကြုံတွေ့လာတဲ့အခါ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အလွန်ပင်ခက်ခဲကြောင်းကို ကျွန်တော်တို့ AIA အသက်အာမခံက ကောင်းကောင်း နားလည်တဲ့အလျောက် သင်ကြုံတွေ့နေရတဲ့ စိုးရိမ်ပူပန်မှုများ၊ စိတ်ဖိစီးမှုများကို သက်သာစေရန်နှင့် ဆေးကုသကုန်ကျစရိတ်၊ သွားလာရေးစရိတ်များကို လျော့ချစေနိုင်ရန် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြင့် ဆေးဘက်ဆိုင်ရာအကြံဉာဏ်များမှတစ်ဆင့် ကူညီပေးလျက်ရှိပါတယ်။
ပြင်းထန်တဲ့ ဆေးကုသမှု အခြေအနေများကြောင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရမယ့် မည်သည့် အခြေအနေ၊ အချိန်အခါတွင်ဖြစ်စေ သင့်အတွက်လိုအပ်သော ကူညီထောက်ပံ့မှုကိုပေးနိုင်ရန် အသင့်ရှိနေပါတယ်။
Member များအတွက် Teladoc HEALTH နှင့် ပူးပေါင်းကာ -
- ကမ္ဘာတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ထပ်ဆင့်အကြံပေးမှုများမှတစ်ဆင့် ရောဂါလက္ခဏာရှာဖွေပေးခြင်း
- သင့်လျော်သော နိုင်ငံတကာကုသမှုဆိုင်ရာပညာရှင်များဖြင့် အကောင်းဆုံးကုသမှုအစီအစဉ်ကို ရရှိနိုင်ခြင်း
- သင့်ကုသမှု အခြေအနေတစ်ဆင့်ချင်းစီတိုင်းတွင် သီးသန့်ကူညီထောက်ပံ့မှုကို ရရှိခြင်း
- ပြင်းထန်သော ကျန်းမာရေးအခြေအနေ စိန်ခေါ်မှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် Teladoc HEALTH မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာ သင်၏ ကုသမှုအစီအစဉ်တစ်လျှောက် စောင့်ရှောက်မှုပေးခြင်း
ကျန်းမာရေးအထူးစောင့်ရှောက်မှုသည် ဆေးဘက်ဆိုင်ရာ အထူးအကြံဉာဏ်ပေးသည့် အတိုင်ပင်ခံ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာကိစ္စအရပ်ရပ်ကို ပြန်လည်သုံးသပ်အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေမှု အသေးစိတ်မှတ်တမ်းများ ဆောင်ရွက်ပေးခြင်းနှင့် ကုသမှုအတွက် အကြံဉာဏ်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါတယ်။
ဤဝန်ဆောင်မှုတွင် အကျုံးဝင်သည့် AIA Member များအားလုံးအနေဖြင့် ပြင်းထန်သော ကျန်းမာရေးအခြေအနေများ - ကင်ဆာနှင့် အခြားသော ကိုယ်တွင်းရောဂါ စသည့်ဝေဒနာများကို ခံစားရပါက Teladoc HEALTH ဝန်ဆောင်မှုကို ရယူနိုင်ပြီး ထိုဝန်ဆောင်မှုကတစ်ဆင့် ကျန်းမာရေးအခြေအနေကို နားလည်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် တိကျမှန်ကန်၊ ယုံကြည်စိတ်ချရသည့် ကုသမှုအစီအစဉ်ကို ရယူနိုင်ပါတယ်။
ကျန်းမာရေးအထူးစောင့်ရှောက်မှု ဝန်ဆောင်မှုကို ပိုမိုသိရှိလိုပါက အကျုံးဝင်သော Member များအားလုံးအတွက် ဤလက်ကမ်းစာစောင် နှင့် RUBY Member များအတွက် ဤလက်ကမ်းစာစောင် ကို နှိပ်ကာရယူနိုင်သလို AIA SHER Hotline +959 944 705 440 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဘာကြောင့် AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု (Powered by Teladoc HEALTH) ကို ရွေးချယ်သင့်သလဲ။
Teladoc HEALTH ဟာ ကမ္ဘာထိပ်တန်း ဆေးဘက်ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲမှုပေးနေသည့်အပြင် အကောင်းဆုံးသော ကမ္ဘာ့အဆင့်မီ ဆေးဘက်ဆိုင်ရာတိုင်ပင်ဆွေးနွေးအကြံပေးမှုများကို ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပြုလုပ်ပေးလျက်ရှိပါတယ်။
ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း ၅၀,၀၀၀ ကျော်ဖြင့် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရယူနိုင်ပြီး ကုသမှု အစီအစဉ်တစ်လျှောက် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်လာသည်အထိ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်။
Teladoc HEALTH ဟာ ယနေ့အချိန်အထိ လူနာပေါင်း ၉၂ သန်းကျော်ကို အောက်ပါ အောင်မြင်မှုရလဒ်များနှင့်အတူ ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ် -
ရောဂါအခြေအနေပေါင်း အောင်မြင်မှု
ကမ္ဘာ့ကျွမ်းကျင်ပညာရှင်ပေါင်း
သုံးစွဲသူများ၏ စိတ်ကျေနပ်မှု ရရှိထားခြင်း
AIA Member များအတွက် AIA ၏ ကျန်းမာရေး အထူးစောင့်ရှောက်မှု ဝန်ဆောင်မှု (Powered by Teladoc HEALTH)
ကျန်းမာရေးရာအဖြာဖြာ အလုံးစုံ စီမံခန့်ခွဲမှု ဝန်ဆောင်မှု
Teladoc HEALTH ဝန်ဆောင်မှုများကို အောက်ပါ ပေါ်လစီ/အာမခံ ဝယ်ယူထားသူများ ခံစားခွင့်ရှိသည်။
- တစ်သက်တာရွေးချယ်အသက်အာမခံ (ပုံမှန် ပရီမီယံကြေး ၁ သန်းကျပ် နှင့် အထက်)
- ကျန်းမာရေးအလုံးစုံအာမခံ (Plan 2 နှင့် အထက်)
- ပြင်းထန်သောရောဂါ ကုသမှုအာမခံ (၁၀ ယူနစ် နှင့် အထက်)
ထပ်မံဖြည့်စွက်ချက်အနေဖြင့် Teladoc HEALTH ဝန်ဆောင်မှုသည်တစ်သက်တာရွေးချယ်အသက်အာမခံ၊ နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ၊ ပညာရေးအသက်အာမခံနှင့် ကျန်းမာရေးအလုံစုံအာမခံ (Individual) ဝယ်ထားရှိမှု စုစုပေါင်း ပရီမီယံကြေး ၉ သန်းကျပ် နှင့်အထက်ရှိသူ မည်သူမဆို ခံစားပိုင်ခွင်ရှိသည်။
RUBY MEMBER
Ruby Member အနေဖြင့် ဤကျန်းမာရေးအထူးစောင့်ရှောက်မှု ဝန်ဆောင်မှုကို ရယူနိုင်ပြီး မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ မိမိချစ်ခင်သူများအတွက်သော်လည်းကောင်း အသုံးပြုနိုင်သည်။
ကျန်းမာရေးဆိုင်ရာ အထူးစောင့်ရှောက်မှုဝန်ဆောင်မှု လုပ်ငန်းစဉ် အဆင့်ဆင့်
AIA Advisors သို့မဟုတ် AIA သျှား သို့ဆက်သွယ်ပြီး ဝန်ဆောင်မှုရယူရန် အချက်အလက်ဖြည့်သွင်းခြင်း
AIA Member များအနေဖြင့် အချက်အလက်ဖောင်ဖြည့်သွင်းပြီးပါက AIA ဘက်မှ Teladoc HEALTH ဝန်ဆောင်မှု အရည်အချင်းပြည့်မီမှုကို စစ်ဆေးခြင်း
ပြည့်မီပါက Teladoc HEALTH က AIA မန်ဘာများအတွက် သင်၏ကိစ္စရပ်များကို စီမံခန့်ခွဲသော အင်္ဂလိပ်ဘာသာစကားပြောဆိုသူ အထွေထွေသမားတော်ကို တာဝန်ပေးခြင်း
အထွေထွေရောဂါကု ဆရာဝန်ထံမှ သင့်အား (၂၄) နာရီအတွင်း ဆက်သွယ်ကာ သင်၏ ကျန်းမာရေးအခြေအနေနှင့် ကုသမှုအစီအစဉ်ကို ကြည့်ရှုခြင်းနှင့် သုံးသပ်ပေးခြင်း
Teledoc HEALTH ဆေးဘက်ဆိုင်ရာ ကော်မတီမှ သင်၏ အခြေအနေကို သုံးသပ်လေ့လာပြီး ထိပ်တန်းကျွမ်းကျင်ပညာရှင်များကို ရွေးချယ်ပေးမည်ဖြစ်သည်
ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သင်၏ အသေးစိတ်မှတ်တမ်းကို ရရှိမည်ဖြစ်ပြီး အကြံဉာဏ်နှင့် ဆွေးနွေးတိုင်ပင်မှုများကို အထွေထွေရောဂါကု ဆရာဝန်မှာ ရှင်းပြပေးမည်ဖြစ်သည်
အကယ်၍ နိုင်ငံရပ်ခြားသို့ သွားရောက်ကုသလိုပါက အထွေထွေရောဂါကု ဆရာဝန်မှ စင်္ကာပူနိုင်ငံမှ ကျွမ်းကျင်ပညာရှင် (၂) ဦးကို သင်ရွေးချယ်ပြသနိုင်ရန် အကြံပြုပေးပါမည်
အထွေထွေရောဂါကု ဆရာဝန် မှ သင်၏တိုးတက်မှုအခြေအနေကို ခေါ်ဆိုမှုများဖြင့် ကြပ်မတ်ဆောင်ရွက်ကာ လမ်းညွှန်မှုများနှင့် ပြန်လည်ကောင်းမွန်လာရေးအတွက် ပံ့ပိုးကူညီရန် ဆက်လက်ဆောင်ရွက်ခြင်
ဤအထူးဝန်ဆောင်မှုကိုရယူရန်
သင်၏ ငွေကြေးဆိုင်ရာ အကြံပေးသူ သို့မဟုတ်
AIA SHER ၏ 24/7 Hotline +959 944 705 440 နှင့် Email: sher@aia.com သို့ ဆက်သွယ်နိုင်ပါသည်။